အာဏာသိမ်းမှုအောက်ကို ရောက်နေတဲ့ကာလအတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့သူတွေအပေါ် ဖမ်းဆီးတာ အရေးယူတာမျိုးတွေက မြန်မာပြည်တွင်းသာမက ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိနေပါတယ်။
စစ်အာဏာသိမ်းမှု လှုပ်ရှားမှုကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ ခက်ခဲတာအပြင် ပဋိပက္ခဒေသကဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဘက်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေအပေါ် ခွဲခြားဆက်ခံမှုတွေ၊ လူသတ်မှုစွပ်စွဲခံရတာတွေအပေါ် လိုက်ပါကူညီတာမျိုးမလုပ်ပေးတာအပြင်၊ နှစ်နဲ့ချီအောင် နိုင်ငံကူးလတ်မှတ်လုပ်ဖို့ ရက်ချိန်းတွေ ပေးတာ စတာတွေကို မလေးရောက်မြန်မာနိုင်ငံသားတွေ ကြုံတွေနေရပါတယ်။ လက်ရှိအဲဒီလို ပြဿနာတွေကို ကူညီဖြေရှင်းပေးနေရတဲ့အကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
source
















